အဖွင့်ကဗျာ

စိတ္တေနနေယျတီလောကော

သတ်မှတ်ချက်တွေကြား

ဗျာများနေသူ

အဲ့ဒါလူ

နေရီ


လတ်တလော တင်ဆက်မှုများ

အရေးကြုံသက်လုံမကောင်းခဲ့သော ဆရာကြီးဖာဂူဆန် (အထွေထွေဆောင်းပါး)

ဥရောပတိုက်၏ အမြင့်တကာ့အမြင့်ဆုံး ဘောလုံးချန်ပီယံ ဗိုလ်လုပွဲကြီးဖြစ်သည့် ချန်ပီယံလိဂ်ပွဲကြီးကား ၂၈ ရက် မေလ အင်္ဂလန်စံတော်ချိန် ၁၉၄၅ နာရီ  မြန်မာစံတော်ချိန် ၂၉ ရက် နံနက် ၀၁၁၅ နာရီတွင် အင်္ဂလန်နိုင်ငံ ၀င်ဘာလေကွင်းကြီးတွင် စတင် ကစားခဲ့ပြီး၊ ဘောလုံးကစားချိန် မိနစ် ၉၀ အတွင်း၌ပင် အဖြေပေါ်ခဲ့ပြီဖြစ်သည်။ ဥရောပ၏အမြင့်ဆုံး ချန်ပီယံဘွဲ့ကို ….


ကြောင်မွေးသူ
(အက်ဆေး)

မဂ္ဂဇင်းတစောင်တွင် ပထမဦးဆုံး ပုံနှိပ်ဖော်ပြခြင်းခံရသော ကိုမောင်ကျင်၏ “ဘာတတ် နိုင်သေးလဲ” ဆိုသော ၀တ္ထုတိုသည် ကြောင်နှင့်ကြွက်တို့၏အကြောင်းဖြစ်သည်၊ နေအိမ်တွင် သောင်းကျန်းနေသော ကြွက်ကို မည်သို့မည်ပုံ ရင်ဆိုင်တိုက်ခိုက်ပုံကို ဖော်ပြခြင်း ဖြစ်သော်လည်း ထိုဝတ္ထုတွင် နေအိမ်၌မွေးမြူထားသော ကြောင်မိသားစုအကြောင်း တစ်ခန်း တစ်ကဏ္ဍ အနေဖြင့် ပါဝင်ခဲ့ဖူးသည်။

ဝတ္ထုတို၏ပြင်ပ တကယ့်ဘ၀တွင်လည်း …


ဝလုံးကလေး ရဲရဲရေးမှ
(လူမှုရေးဆောင်းပါးများ)

သမီးငယ် ဘွဲ့ရခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီ။ သို့သော် ခိုင်မာသော၊ ပြတ်သားသောစိတ်ဖြင့် တစ်စုံ တစ်ခုကိုမျှ မလုပ်နိုင်သေး။ ဟိုအလုပ်ဆိုလည်း ဖြစ်ပါ့မလား၊ ဒီအလုပ်ဆိုလည်း မစရဲဖြစ်နေ သည်မှာ ကြာခဲ့ပြီ။

သမီးကို မည်ကဲ့သို့ ရဲဆေးတင်ပေးရမည်ကို ခေါင်းပူအောင်စဉ်းစားရသည်၊ ငယ်စဉ်က ကြုံတွေ့ခဲ့ဖူးသည်ကို ပြန်စဉ်းစားမိ၍ ဤအကြောင်းအရာသည်ကား


ကျွန်တော်ကံမကောင်းဘူးတဲ့လား
(အထွေထွေဆောင်းပါး)

“   သူနှင့်ကျွန်တော်ကအလွန်ရင်းနှီးသည်။ သူ့အကြောင်းကိုလည်း ကျွန်တော် ကောင်းကောင်း ကြီး သိပါသည်။

ယခု ဝေးရပ်မြေတနေရာမှနေ၍ သူဆက်သွယ်လာကာ ကျွန်တော်တို့ စကားပြောနေကြသည်။ သူ နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင် နေသည်မှာလည်း (၃)နှစ်ပင်ပြည့်တော့မည်၊ သို့သော် … ”


တရားအားထုတ်တာ ဘာအကျိုးရှိလို့လဲ
(ဘာသာရေးဆောင်းပါးများ)

“……တရားအားထုတ်တာ (သူတို့အဆိုတော့ တရားထိုင်တာ) ဘာများအကျိုးရှိလို့လဲ ဟူ၍ပင်။

ကျွန်တော့်အတွက် အကျိုးရှိသည်ကိုတော့ မရေးလိုတော့ပါ။ သို့သော် တရားအားထုတ်ခြင်းဖြင့် မည်သည့် အကျိုးကျေးဇူး (ပစ္စုပ္ပန်တွင်) ရှိသည်ကိုတော့ ဖြစ်ရပ်မှန်လေးတစ်ခုဖြင့် တင်ပြရင်း၊ ကျွန်တော့်ကို တရားထိုင်တာ ဘာအကျိုးထူးရှိသလဲ-ဟု မေးလာသူတို့အား ဖြေဆိုပါရစေတော့။ …”


မိုးနှင့်လေ
(အက်ဆေး)

“…. နောက် မိုးသည်းလာပြန်သည်။ ပြတင်းတံခါးများကို အမြန်ပိတ်ကြပြန်သည်။

“ကိုယ့်လို ဖွင့်ပြီးစီးကြည့်စမ်းပါ” ဟု ပြောမဖြစ်သည်ကို ကိုယ်သိသည်။

“ကိုယ်ရေစိုခံရုံနဲ့ ခရီးသည်တွေ လေကောင်းကောင်း ရှူကြရမယ်ဗျ” ဟုပြော၍ မဖြစ်ကြောင်း ….”


ချစ်တာထက်မေတ္တာပို
(လူမှုရေးဆောင်းပါးများ)

“… မွေးစ တိရစ္ဆာန်ငယ်တစ်ကောင်သည် မိခင်၏ယုယဖေးမမှု မရသော်လည်း ထိုတိရစ္ဆာန်၏ မွေးရာပါ အရည် အချင်းကြောင့် သူ၏အသက်ရှင်သန် ဖြစ်ထွန်းမှုအတွက် သူကိုယ်တိုင် ပြုလုပ်နိုင်စွမ်းရှိသည်။ ဥပမာအားဖြင့် ခွေးမကြီး တစ်ကောင်က မွေးဖွါးလိုက်သော ခွေးငယ်လေးများသည် မွေးပြီးပြီးချင်း၊ နို့စို့ရကောင်းမှန်း သိကြသည်။ သိရုံမျှမက မိခင်နို့ကိုရအောင် ရှာဖွေတတ်ကြသည်။ မထွေးပွေ့ရပဲလျက် နို့စို့တတ်ကြသည်။

လူကား ထိုကဲ့သို့မဟုတ်။ မွေးရာပါ အရည်အချင်းမရှိ။ သိတတ်သူမှ မသိတတ်သူကို ပြုစုစောင့်ရှောက် သင်ကြားပေးရသည်။ …”

ဗေဒင်ဆရာကြီး ကောဏ္ဍညဗေဒင်ယုံပါသလား (လူမှုရေးဆောင်းပါးများ)

“….. လက်ညှိုးတစ်ချောင်းသာထောင်၍ “သိဒ္ဓတ္ထမင်းသားသည် ဘုရားစင်စစ် ဧကန်ဖြစ်ရမည်” ဟု အတိအကျ ဟောပြောခဲ့သူ ဖြစ်ရုံမျှသာမက ဘုရားဦးဖူးရန်၊ တရားဦးနာရန်တောသို့ ဦးစွာဝင်၍ ကြိုတင်စောင့်ခဲ့သောသူ ပညာအကြီးဆုံး ဗေဒင်ဆရာကြီး ကောဏ္ဍညပင်လျှင် သူ့ဗေဒင်ကို သူသံသယဖြစ်ခဲ့ဖူးပါသည်-ဟု ဆိုလျှင် စာဖတ်သူများ လက်ခံလိုလိမ့်မည် မဟုတ်ပါ။

အမှန်တကယ်ကား သူ့ဗေဒင်ကို သူမယုံခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော်- …..”


ကိုယ်ကျင့်သိက္ခာ
(လူမှုရေးဆောင်းပါးများ)

“…. သားရေအလိပ်ကြီးတစ်လိပ်ကိုတွေ့မိသည်။ အနီးအနားတွင်လည်း မည်သူမျှမတွေ့ရ၊ ထိုသားရေလိပ်မှာ ဝင်းထရံသံတိုင်နှစ်ခုကြားတွင် ညှပ်ထားခဲ့ပုံရသည်။ ကျွန်တော်ချက်ချင်း သဘောပေါက်သည်။ ပလိုင်ယာ၊ ဂွင်းဂွ မျိုးစုံ တို့ကိုထည့်၍ အလွယ်တကူသယ်ဆောင်နိုင်ရန် ပြုလုပ်ထားသော ခရီးဆောင် Tool kit bag တစ်ခုဖြစ်သည်။ ကျွန်တော်ယူ၍ သားရေလိပ်ကြီးကိုဖြည်လိုက်သောအခါ ကျွန်တော်ထင်သည့် အတိုင်းပင် ၊ ပိုထူးခြားသည်က ဂျပန် သံထည်(Stainless Steel )ဖြင့် ပြုလုပ်ထားသောပစ္စည်းများဖြစ်သည်။ ဝင်းလက်နေတော့သည်။ ကျွန်တော့်အတွက် တော့ အခွင့်အရေးပင် ။ ပိုင်ရှင်မဲ့ တန်ဖိုးရှိ ပစ္စည်း။ အိမ်မှကားအတွက်လည်း အလွန်အသုံးဝင်မည့်ပစ္စည်း။ ကျွန်တော် ဘာလုပ်မည်နည်း၊  …”

ရေးသားခဲ့သော ဆောင်းပါးများ

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ်

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၂)

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၃-က)

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၃-ခ)

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၃-ဂ)

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၄)

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၅)

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၆)

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၇)

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၈) နိဂုံးပိုင်း